ဟားခါး အောက်တိုဘာ ၂၂
ဟားခါးမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၇ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁၄ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
သံသယရှိသူ ၂၉ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာတွင် ၇ ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်သည်။
ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၂၄၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၀၈၅ ဦး၊ သေဆုံးသူ ၃၈ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၂၅ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင်