ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 22,2021
ကလေးသူငယ်များ၏ အကျိုးစီးပွားကို ဆောင်ရွက်ရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေး အတွက် ကာကွယ်စောင့်ရှောက် ပေးရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။