ကလေး အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မြစ်သာမြစ်ရေသည် ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်သာမြစ်(ပြင်သာ)ရေသည် ၂၄ နာရီအတွင်း ၁၈၀ စင်တီမီတာ (၅.၉ ပေ) ကျဆင်းခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာမှ သိရသည်။
မြစ်သာမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်မှာ (၁၁၀၀)စင်တီမီတာဖြစ်ပြီး ယနေ့ နံနက်ပိုင်း တိုင်းထွာချက်အရ ၇၉၁ စင်တီမီတာတွင်ရောက် ရှိနေသောကြောင့် စိုးရိမ်ရေအမှတ်အောက် ၃၀၉ စင်တီမီတာ( ၁၀.၁ ပေ)တွင် တည်ရှိနေကြောင်း သိရသည်။
မြစ်သာမြစ်ရေသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ပြီး ပြန်လည် ကျဆင်းလျက်ရှိရာ ကလေးမြို့နယ်တွင် ဆက်လက်မြင့်တက် နိုင်သောကြောင့် ကလေးမြို့နယ်အတွင်း အနိမ့်ပိုင်းတွင် နေထိုင်သူများကို ကြိုတင်သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများမှ နှိုးဆော်ထားကြောင်း သိရသည်။
မောင်ကျော်(ပြန်/ဆက်)