ငါ့သရောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံပေး

ငါ့သရောက် အောက်တိုဘာ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့အထိ လူဦးရေ (၅၀၀)ဦး ထိုးနှံ ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းပါဝင်၍ မြို့တိုက်နယ်ဆေးရုံတွင် ဆေးထိုးစုရပ် ဖွင့်လှစ် ထိုးနှံ ပေးနေခြင်းဖြစ်ကြောင်းသိရပြီး၊ ငါ့သရောက်မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ရှိ ကျေးရွားများမှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို အောက်တိုဘာ (၁၅)ရက်နေ့မှစတင် ထိုးနှံပေးလျက်ရှိရာ၊ သီတင်းကျွတ်လပြည့်နေ့တွင် ဆေးထိုးလုပ်ငန်းရပ်နားခဲ့ပြီး၊ အောက်တိုဘာ(၂၁)ရက်နေ့တွင် ဆက်လက် ထိုးနှံပေးခဲ့ရာ၊ (၆)ရက်တာကာလအတွင်း လူဦးရေ(၅၀၀)ကျော် ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဖြိုးဝေအောင်(ငါ့သရောက်)