သာသနာဝင်၊ သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားများ ဆက်ကပ်လှူဒါန်း
Oct 20,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင် ဦးဆောင်သော ဝန်ထမ်းများက ဗောဓိရိပ်သာ ကျောင်းတိုက်တွင် သီတင်းသုံးနေသော သာသနာဝင် ရဟန်းတော်(၁၁)ပါးနှင့် သာသနာနွယ်ဝင် သီလရှင်ဆရာလေး(၁၁)ပါးအား သာသနာဝင်၊ သာသနာနွယ်ဝင် စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းက ဆရာတော် ဦးဥဿာဟထံ ဆက်ကပ် လှူဒါန်းခဲ့သည်။