သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အစိုးရနိကာယ် စာမေးပွဲကျင်းပရာ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆို
Jun 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ထေရဝါဒဗုဒ္ဓသာ သနာ ထွန်းကားစေရန်နှင့် သာသနာ့အာဇာနည်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်( ၅၃) ရပ်ကွက်ရှိ ဦးဖိုးလှ ဆုတောင်းပြည့် စေတီတော် ဓမ္မာရုံအတွင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆို ခဲ့ကြကြောင်း သိရသည်။
ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ခြင်း နှင့်၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအားဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွှဲ(၁)နာရီ အချိန်က ရေကြည်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများကို အများပြည်သူများ သိရှိစေရန် ဆောင်ရွက်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေး လုပ်ငန်းများကို အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာနေရာများ ဖြစ်သော မြို့မဈေးကြီးအတွင်းအပြင်နှင့် ဈေးလမ်းစုံများ၊ စတိုးဆိုင်ကြီးများ တို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံ ကပ်ထားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲကျင်းပရာ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆို
Jun 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရနိကာယ် စာမေးပွဲကို အမှတ်(၁၃) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွှဲ(၁)နာရီအချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို အဆိုပါမြို့နယ်ရုံးတွင် ကျင်းပခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၈)ခုကို တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူး ညွှန်ကြားရေးမှူးဦးမောင်မောင်သန်းက ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် "ပန်းခင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေး
Jun 22,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် "ပန်းခင်းစီမံချက်ဖြင့်" အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ဦးလေးကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ 
Jun 22,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်  ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။ 
ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ နေ့အလိုက် ပုံမှန်ထုတ်ပေးလျက်ရှိ 
Jun 22,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ဇွန်လ ၂၁ ရက်မှစတင်၍ ပင်စင်လစာငွေများကို နေ့အလိုက်ပုံမှန်ထုတ်ပေးလှက်ရှိကြောင်း သိရသည်။