ကျိုက်လတ် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်၉နာရီကအမှတ်(၆)ရပ်ကွက်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရပ်ကွက်နေပြည်သူများကို ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများနေ့ ချင်းပြီး ထုတ်ပေးနိုင်ရေးမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ၁၀နှစ်ပြည့်နိုင်ငံသား စိစစ်ရေး ကပ်ပြားကျား(၁၀)၊မ(၁၀)ဦးပေါင်း(၂၀)ဦး၊၁၈နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကပ်ပြားကျား(၄၅)ဦး မ(၄၁)ဦး ပေါင်း(၈၆)ဦး၊၁၀နှစ်ပြည့်နှင့်၁၈နှစ်ပြည့်လဲလှယ်သည့်နိုင်ငံသားစိစစ်ရေးကပ်ပြားကျား(၂၅)ဦးမ(၂၇)ဦးပေါင်း(၄၇)ဦး၊နှင့်နိုင်ငံသားစိစစ်ရေးကပ်ပြားပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးမှုကျား(၁၈)ဦးမ(၁၆)ဦးပေါင်း(၃၄)ဦး၊စုစုပေါင်းကျား(၉၈)ဦး၊မ(၈၉)ဦး စုစုပေါင်း(၁၈၇)ဦးထုတ်ပေးခဲ့ကြောင်းသိရသည်။
ဌေးဌေးလှိုင်