သတင်းများ

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၉)ဦး ထပ်မံတွေ့ရှိ
Jun 22,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင်  ဇွန်လ ၂၁ ရက်နေ့က  ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ စုစုပေါင်း (၁၉)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်လှစ်
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း မြက်တိုရပ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ အခမ်းအနားသို့ ပုသိမ်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
မီးသတ်ဦးစီးဌာန​၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး နှိုးဆော်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မီးသတ်ဉီးစီးဌာနရှေ့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနရှေ့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေ့စဉ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
Jun 22,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှုသင်တန်းအား တက်ရောက် ဖွင့်လှစ်ခဲ့သည်။
မိုင်းယောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်
Jun 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ကျင်းပ
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဗိမ္မာန် (ဗြဟ္မဝိဟာရ(၄)ထပ်ဆောင်) ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်သာသနာရေးဦးစီးဌာနမှ ကြီးမှူးပြီး မြို့နယ်သံဃာနာယကဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ၂၀၂၁ ခုနှစ်၊ (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ပုသိမ်မြို့တွင်းရှိ စားသောက်ဆိုင်၊ လ္ဘက်ရည် ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်း
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလာနေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များအတိုင်း စည်းကမ်းတကျစျေးရောင်းချ ကြစေခြင်းအလို့ငှာ မြို့ပေါ်ရပ်ကွက်အသီးသီးမှ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များကိုခေါ်ယူ၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး
Jun 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။