သတင်းများ

ကျောင်းကုန်းမြို့နယ်တွင် ကျောင်းသား/ သူ (၂၄၃၄)ဦးအား ကာကွယ်ဆေး ထိုးနှံပြီးပြီ
Oct 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စုရပ်(၃)ဂုန်မင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC (ပထမအကြိမ်)ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်၌ အောက်ဆီဂျင်ရုံတည်‌ဆောက်ပြီးစီး၍ စက်တပ်ဆင်စမ်းသပ် မောင်းနှင် လည်ပတ်
Oct 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာ(ကြိမ်ချောင်း) ရန်ကုန်-ပုသိမ် ကားလမ်းဘေး၌ အောက်ဆီဂျင်စက်ရုံတစ်ခုအား တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် ယနေ့တွင် စက်တပ်ဆင်၍ စတင်မောင်းနှင် လည်ပတ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျလျက်ရှိ   
Oct 20,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့်ပုလင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
မိုင်းယန်းမြို့ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ သွားရောက် စစ်ဆေးပေး
Oct 20,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်၊ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော် များအား RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများက အခမဲ့သွားရောက် စစ်ဆေးပေးခဲ့သည်။
ငပုတောမြို့နယ် ဟင်းအိုးချောင်း ကျေးရွာအုပ်စုတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Oct 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေး ရွာအုပ်စုတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ငပုတောမြို့ ဟင်းအိုးချောင်း ကျေးရွာအုပ်စု အ-ထ-က ခွဲကျောင်း၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကား
Oct 20,2021
ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရာမှ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မတ်လ ၂၃ ရက်နေ့မှစ၍ ပြန်လည် ဖွင့်လိုက်သည့် ငွေဆောင်ကမ်းခြေတွင် သီတင်းကျွတ်ရုံးပိတ် ရက်ဖြစ်သည့် ယနေ့တွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည်။
ထီးလင်းမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်
Oct 20,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ထီးလင်းမြို့ အောင်တော်မူဘုရား ပုရဝုဏ်၌ အောက်ဆီဂျင်စက်ရုံကို စက်တင်ဘာလ ၅ ရက်နေ့တွင် ပန္နက်ရိုက်စတင်၍ တည်ဆောက် လျက်ရှိရာ ယခုအခါ (၅၀) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကလေးမြို့တွင် မြစ်သာမြစ် (ပြင်သာ) ရေသည် စိုးရိမ်ရေအမှတ်အောက် (၂) ပေအကွာတွင် ရောက်ရှိ
Oct 20,2021
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မြစ်သာမြစ်ရေသည် ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်သာမြစ် (ပြင်သာ) ရေသည် ၂၄ နာရီအတွင်း ၂၁၅ စင်တီမီတာ (၇ ပေ) မြင့်တက်ခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာမှသိရသည်။