မန်တုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM) တတိယသုတ် (First Dose) ပြည်သူ (၅၅) ဦးအားထိုးနှံပေး

မန်တုံ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်၊   ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်ပြည်သူ့ဆေးရုံ၌  ယမန်နေ့ နံနက် () နာရီအချိန်က စတင် ကာကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား (SINOPHARM) တတိယသုတ်   (First Dose) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ စာရင်းဇယားမှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး စေတနာ့/ပရဟိတ ဝန်ထမ်းများ(၁၁)ဦး၊ နိုင်ငံဝန်ထမ်း(၁၄)ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ()ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်း လုပ်ကိုင်သူများ(၂၁)ဦး၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ()၊ မှီခို()၊ စုစုပေါင်း(၅၅)ဦးအား ထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့်နားနေစေကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မန်တုံမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီအနေဖြင့် ဦးစားပေးအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ (SINOPHARM) တတိယသုတ် (First Dose) ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့မှစတင်၍ ဒေသခံ ပြည်သူ (၅၅) ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မန်တုံ ပြန်/ဆက်