တနင်္သာရီ အောက်တိုဘာလ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအရှေ့ရှိ အသိပညာပေးနံရံ ကပ်စာစောင်များကို အစဉ်ဆက်ပြတ် ကပ်ထားကြေညာပေးလျက်ရှိသည့် မြေစိုက်ဘုတ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ဒေသခံမိဘပြည်သူများနှင့် ခရီးသွားများ၊စာပေလေ့လာမှတ်သားသူများ အသိပညာဗဟုသုတပွားများတိုးပွါးရရှိစေရေးရည်ရွယ် လျက် ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါဆိုင်ရာကာကွယ်ရေးနည်းလမ်းများနှင့် သိ ကောင်းစရာများကို ကပ်ထား ကြေညာပေးထားကြောင်း သိရှိရသည်။
၎င်းမြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို အသုံးပြုခြင်းဆိုင်ရာ အကြံပြု ချက်များ၊ Mask ကိုအသုံးပြုရာတွင် လိုက်နာရမည့် အချက်များ ၊ ကိုရိုနာဗိုင်းရပ်(စ်) ကိုဗစ်-၁၉ဆိုင်ရာ ကာကွယ်ဖို့ မောင်တို့ မယ်တို့ လိုက်နာကြစို့ ဆောင်ပုဒ်၊ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာစာစစောင်များ၊ ကဗျာ ကာတွန်းပုံများ၊ မှတ်တမ်း ဓာတ်ပုံများကို စိတ်ဝင်စားဖွယ်ကပ်ထား ကြေညာပေးပြီးပြသထားသဖြင့် မည်သူမဆို လာရောက် လေ့လာ ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း