ပြင်ဦးလွင် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများအား ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ကျန်းမာရေးစင်တာ များတွင် စစ်ဆေးရာ ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိသူ( ၁၄ )ဦး တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ လူနာများသည် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၁၁) ဦး၊ စုစုပေါင်း( ၁၄) ဦးတို့ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့အချိန်အထိ မြို့နယ်အတွင်း စုစုပေါင်းပိုးတွေ့(၃၁၀၆) ဦး၊ လက်ရှိမြို့နယ်ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသသူ ( ၁၆၇ )ဦး ၊ စုစုပေါင်းဆေးရုံဆင်း ( ၂၇၄၇) ဦး ၊ စုစုပေါင်းသေဆုံး ( ၁၉၂ ) ဦး ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)