ဖျာပုံ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသည့် အသက် (၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့အထက(၁)ကျောင်းဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေး လျက် ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပထမနေ့အဖြစ်ဖျာပုံမြို့ပေါ် အထက်တန်း ကျောင်း (၄)ကျောင်းမှအသက်(၁၂)နှစ်နှင့်အထက် အထက်တန်းကျောင်းသား၊ ကျောင်းသူများမှ တစ်ကျောင်းလျင်(၅၀)ဦး နှုန်းဖြင့်ကျောင်းသားကျောင်းသူစုစုပေါင်း(၂၀၀)ဦးကို ပထမနေ့အဖြစ်စတင်ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှကျန်းမာရေး ဝန်ထမ်းများ၊ဖျာပုံ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ မှတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးရန် အထက်တန်းအဆင့်တစ်ခု၊ အလယ်တန်းအဆင့်တစ်ခုခွဲပြီး အထက်တန်း အဆင့်တွင်ကျောင်းသားကျောင်းသူ(၂၅၃၄)ဦး ၊အလယ်တန်းအဆင့်တွင်(၁၀၅၉၄)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၁၃၁၂၈)ဦး ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်