ကျောင်းကုန်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စုရပ်(၃)ဂုန်မင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC (ပထမအကြိမ်)ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့ ကြည့်ရှုအားပေးခဲ့ပြီး၊ စာရင်းသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကာကွယ်ဆေး ထိုးခြင်းတို့၌ အဆင်ပြေချောမွေ့စေရေးအတွက် မှာကြားခဲ့ကြသည်။ ယနေ့တွင် ကျောင်းအခြေပြု ဖြစ်သည့်အလျောက် ဂုန်မင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံပြီး၊ ပညာသင်ကြားနေသော အထက်တန်း Grade 11, Grade 10,Grade 9,Grade 8, Grade 7,
Grade 6 ကျောင်းသားကျောင်းသူ(၂၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိပြီး၊ လာမည့်အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဆေးထိုးရန်ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် အတွင်းစုရပ်(၇)ခု၌ ယနေ့အထိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ သူ( ၂၄၃၄)ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ပြီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်