မိုင်းယန်းမြို့ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ သွားရောက် စစ်ဆေးပေး

မိုင်းယန်း အောက်တိုဘာ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်၊ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော် များအား RDT Tesk Kit  ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများက အခမဲ့သွားရောက် စစ်ဆေးပေးခဲ့သည်။

ထိုသို့သွားရောက်စစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်(၁) ဦးကျော်သက်ပိုင်နှင့်ဝန်ထမ်းများက မိုင်းယန်းမြို့ ဈေးတန်းရပ်ကွက် အတွင်းရှိ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်(၃၈)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး တို့အား RDT Tesk Kit  ဖြင့် အခမဲ့သွားရောက်စစ်ဆေးပေးခဲ့ရာ သံဃာတော်(၂)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ အောက်တိုဘာ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ အတည်ပြုလူနာ (၁၁၁) ဦးတွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၉၀)ဦးရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)