သတင်းများ

ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း၍ တောင်သူများ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာ
Oct 20,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေပေါကြွယ်ဝပြီး စိုက်ပျိုးမြေကောင်းမွန်မှုနှင့် ရာသီဥတု သင့်တင့်မျှတ မှုကြောင့် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) ရာသီမပြတ် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး ထိုသို့သီးနှံများစိုက်ပျိုးရာ၌ ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းမှာ အောင်မြင်ဖြစ် ထွန်းပြီး ဈေးကောင်းရရှိပါက သီးနှံဝင်ငွေ အကျိုးအမြတ်ကောင်းသဖြင့် ယခုနှစ်တွင် ငှက်ပျောသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုတိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း ပွင့်ဖြူမြို့နယ်ဒေးဒရဲကျေးရွာမှ ငှက်ပျောစိုက်ပျိုး တောင်သူများထံမှ သိရသည်။
ဖားဆောင်းမြို့နယ်တွင် ‘’ပန်းခင်းစီမံချက်’’ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေး
Oct 20,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က အဆိုပါရုံး၌ ဖားဆောင်းမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်တွင် တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ ကိုဗစ်-၁၉ကာကွယ်ရေးအညီ ဖွင့်လှစ်၍ ဘုရားဖူးပြည်သူ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူလျက်ရှိ
Oct 20,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ  တန်ခိုးကြီးဘုရားများ၏   ဗုဒ္ဓပူဇနိယပွဲတော်များကို   နှစ်စဉ် စည်ကားသိုက်မြိုက်စွာ    ကျင်းပလျက်ရှိခဲ့ရာ ယနေ့ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်သမယနေ့တွင်လည်း ကိုဗစ်-၁၉ကာလဖြစ်သည်နှင့်အညီ ရပ်နီး၊ ရပ်ဝေးမှ   ဘုရားဖူးပြည်သူများ လာရောက်ဖူးမြှော်ကြည်ညိုနိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ရေးနည်းလမ်း များဖြင့် ဘုရား၊ ပုထိုးစေတီများ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ 
ဘောလခဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 20,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်မှစ၍ ဘောလခဲပြည်သူ့ဆေးရုံနှင့် အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁၃ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
Oct 20,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမှတ် (၁၈၆/၂၀၂၁)ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် အကျဉ်းထောင်မှ အကျဉ်းသား/ သူ ၁၃ ဦးကို ယမန်နေ့နေ့လည်ပိုင်းက လွှတ်ပေးခဲ့ကြောင်း သိရသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား/ သူများကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ပြီး ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ လွှတ်ပေးခဲ့ပြီး ကျန်ရှိသူများအားလည်း နောက်ရက်များတွင် ဆက်လက် လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ(အဘိဓမ္မာအခါတော်နေ့)တွင် မကွေးမြို့မြသလွန်ဘုရား၌ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိ
Oct 20,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြသလွန်ဘုရားတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါ တော်နေ့တွင်) ဘုရားဖူးပြည်သူများနှင့် ကုသိုလ်အလှူပြုလုပ်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိ
Oct 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိ သော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးတွင် ယနေ့ သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားဖူးပြည်သူများ စည်ကား လျက်ရှိကြောင်း သိရှိရသည်။
ကရသူရိမြို့ရှိ ကျေးရွာ/ အုပ်စုများတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား (Sinovac) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး 
Oct 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ရှိ ကျေးရွာ/အုပ်စုတွင်များတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား (Sinovac)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည်။