သတင်းများ

ဘားအံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၇၄) ဦးနှင့် အချုပ်သား၊ အချုပ်သူ (၄၉) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြု
Oct 20,2021
ဘားအံအကျဉ်းထောင်တွင် အကျဉ်းကျနေသော အကျဉ်းသား/သူ (၇၂) ဦးတို့အား အောက်တိုဘာလ (၁၈) ရက်နေ့က လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပြီး ယမန်နေ့တွင် အကျဉ်းသူ (၂) ဦးနှင့် အချုပ်သား/ အချုပ်သူ (၄၉) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ရှင်စောမြတ်စေတီတော် တတိယအကြိမ် စိန်ဖူးတော် အထွဋ်တင်မင်္ဂလာ၊ မြတ်တိဂုံလောကနိဗ္ဗာန် ပုထိုးစေတီမြတ် စိန်ဖူးတော် ၊ ငှက်မြက်နားတော် တင်လှူပူဇော်
Oct 20,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့က လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လပွတ္တလုပ်တောင် ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ ရှင်စောမြတ်စေတီတော် တတိယအကြိမ် စိန်ဖူးတော် အထွဋ်တင်မင်္ဂလာ၊ မြတ်တိဂုံလောကနိဗ္ဗာန် ပုထိုးစေတီမြတ် စိန်ဖူးတော် ၊ ငှက်မြက်နားတော် တင်လှူပူဇော်ခြင်းနှင့် ရှင်အရဟံ (၁၀၀၄)နှစ်ပြည့် ၊ (၁၈)နှစ် (၁၈)ကြိမ်မြောက် ရက်ပေါင်း (၉၀) အဘိဓမ္မာ (၇)ကျမ်း အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ရှင်စောမြတ်စေတီတော်ကြီး ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။
သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ်အထက်ကျောင်းသား/ကျောင်းသူလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinovac) အားထိုးနှံပေးလျက်ရှိရာ (၆၂၂၆)ဦး လာရောက်ထိုးနှံ
Oct 20,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းကို ဗစ်ရောဂါကာကွယ်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် အသက် ၁၂ နှစ် အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား /ကျောင်းသူလေး များအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကိုအောက်တိုဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ သတ်မှတ်ထား သောကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာစုရပ်ဆေးထိုးစင်တာ (၁၁)ခု တွင် ပထမအကြိမ်အဖြစ် နံနက် ၈နာရီမှ စတင်ထိုးနှံပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ( ၆၂၂၆)ဦး လာရောက်ထိုးနှံခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန မှသိရှိ ရသည်။
ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရဘုရားများ၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးပြည်သူများ ဖြင့်စည်ကား
Oct 20,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားများ ပြန်လည်ဖွင့်လှစ်ပြီး သီတင်းကျွတ်ကာလအတွင်း ဘုရားအတွင်းသို့ ဝင်ရောက်ဖူးမျှော်ခွင့် ပြုထားရာယမန်နေ့ နံနက်ပိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားလာရောက်ဖူးမျှော်ကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များအား မြန်မာဘာသာ ၊ ရခိုင်ဘာသာဖြင့် ၂ မျိုးဖြင့် အသိပေးနှိုး
Oct 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မြန်မာ ဘာသာနှင့် ရခိုင်ဘာသာ ၂ မျိုးကို Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်ရှိ ဈေးများ၊ လမ်းဆုံလမ်းခွနေရာ များနှင့် သင်္ဘောဆိပ်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
တရုတ်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း
Oct 20,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် အကြောင်းကြားထားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်းတုန်ပြည်နယ်နှင့် ယူနန်ပြည်နယ်တို့ရှိ အချုပ်ထောင်/ ရဲစခန်းတို့တွင် ပြစ်ဒဏ်ကျ/ ထိန်းသိမ်းခံခဲ့ရသော မြန်မာနိုင်ငံသား ကျား(၆၂)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း(၈၃)ဦးတို့အား ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နယ်စပ် စစ်ဆေးရေးဂိတ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်ခြားစောင့်လူဝင်မှုစစ်ဆေးရေးဌာနမှ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ လာရောက်လွှဲပြောင်းပေးသဖြင့် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ဝင်းမြင့် နယ်စပ်စစ်ဆေးရေး စခန်းမှ လဝကမှူး ဦးဖေမောင်ကျော်တို့ပါဝင်သည့်  ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၌ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့က ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား
Oct 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၁) လမ်းရှိ အိမ်မဲမြို့တည်သမိုင်းဝင် ဆုတောင်းပြည့် ရှင်ပင်ချမ်းသာကြီး ရုပ်ရှင်တော်မြတ်ကြီး၌ ယမန်နေ့ ညနေပိုင်းအချိန်က စတင်ပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်ကားနေကြောင်း သိရ သည်။
ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား/ သူ(၉၄)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး
Oct 20,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံထားရသူများအား လူသားချင်းစာနာ  ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းသာယာစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက် လည်းကောင်း တရားစွဲဆိုခြင်းခံနေရသူတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသား(၆၈)/ အကျဉ်းသူ(၂၆)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။