ကလေးမြို့တွင် မြစ်သာမြစ် (ပြင်သာ) ရေသည် စိုးရိမ်ရေအမှတ်အောက် (၂) ပေအကွာတွင် ရောက်ရှိ

ကလေး အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မြစ်သာမြစ်ရေသည် ယနေ့ နံနက် ၆ နာရီခွဲအချိန်  တိုင်းထွာချက်အရ  မြစ်သာမြစ် (ပြင်သာ) ရေသည် ၂၄ နာရီအတွင်း ၂၁၅ စင်တီမီတာ (၇ ပေ) မြင့်တက်ခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာမှသိရသည်။

မြစ်သာမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်မှာ (၁၁၀၀) စင်တီမီတာဖြစ်ပြီး ယနေ့ နံနက်ပိုင်း တိုင်းထွာချက်အရ  ၁၀၃၆ စင်တီမီတာတွင်ရောက် ရှိနေသောကြောင့် စိုးရိမ် ရေအမှတ်အောက် ၆၄ စင်တီမီတာ (၂ ပေ) တွင် တည်ရှိနေကြောင်း သိရသည်။

မြစ်သာမြစ်ရေသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ပြီး ပြန်လည် ကျဆင်းလျက်ရှိရာ ကလေးမြို့န ယ်တွင် ဆက်လက်မြင့်တက်နိုင်သောကြောင့် ကလေးမြို့နယ်အတွင်း အနိမ့်ပိုင်းတွင် နေထိုင်သူများကို ကြိုတင်သတိပြု နေထိုင်ကြရန် တာဝန်ရှိသူများမှ နှိုးဆော် ထားကြောင်း သိရသည်။

မောင်ကျော်(ပြန်/ဆက်)