မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျလျက်ရှိ   

                           

မြို့သစ် အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့်ပုလင်းဆည်ရေလှောင်

တမံ ရေပိုလွှဲမှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်း

နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ(၅၆၁ ဒသမ ၄၀)ပေရှိသည့်အတွက် ရေပြည့်

အမှတ်ထက်( သုည ဒသမ ကိုးပေခန့်)၊ စွန်ဆည်ရေလှောင်တမံ၏လက်ရှိရေမှတ်မှာ ( ၆၂၆ )ပေရှိ

သည့်အတွက်ရေပြည့်အမှတ်ထက်( တစ်ပေခန့် )ရေပိုလွှဲမှရေကျော်ကျလျက်ရှိပြီး ပုလင်းဆည်ရေ

လှောင်တမံ၏ လက်ရှိရေမှတ်မှာ ( ၆၈၆ ဒသမ ၁၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် ( ၁  ဒသမ ၁ပေခန့်) ရေပိုလွှဲမှဆက်လက်ရေကျော်ကျလျက်ရှိကြောင်းသိရသည်။

ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံများ၏  ရေပိုလွှဲမှရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ ဆည် အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်   အချိန်နှင့်တစ်ပြေးညီ

အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံကသိရသည်။

ဝင်းအိဇွန်