သတင်းများ

ဖလမ်း၌‌မြေပြိုမှုဖြစ်ပွားသဖြင့်ဖယ်ရှားရှင်းလင်း
Oct 20,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ၌‌အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တလန်လို ရပ်ကွက်၌ ‌အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့် လမ်းမအပေါ်ဘက် ကမ်းပါးယံပြိုကျ မှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားသဖြင့်မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ရာ‌မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ငယ်များသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။
သီတင်းကျွတ်လပြည့်နေ့တွင် ဘားအံမြို့ရှိ သမိုင်းဝင်ဂူဘုရားများ၌   ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် လည်ပတ်လျက်ရှိ
Oct 20,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ သမိုင်းဝင်ဂူဘုရားများဖြစ်သည့် ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ဆဒ္ဒန်ဂူ၊ ကော့ကသောင်ဂူ၊ ဘုရင်ညီဂူစသည့်ဂူဘုရားများ၌  သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာ အခါတော်နေ့) အောက်တိုဘာလ ၂၀ ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ကိုဗစ်စည်းကမ်း ချက်များနှင့်အညီ လာရောက်ဖူးမြော် လည်ပတ်ရှိကြောင်းသိရှိရသည်။
ချောင်းသာကမ်းခြေ၌ သီတင်းကျွတ်ပွဲတော်ကာလတွင် ခရီးသွားဧည့်သည်များဖြင့် အထူးစည်ကား လျက်ရှိ
Oct 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေတွင် သီတင်းကျွတ်ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ အများအပြား လာရောက် လျက်ရှိကြောင်း သိရှိရသည်။
အဘိဓမ္မာအခါတော်နေ့တွင် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်တွင် ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိ
Oct 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးကို သီတင်းကျွတ် လပြည်နေ့ အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် ယနေ့ နံနက်ပိုင်းတွင် ဘုရားဖူးသူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ရှိ ဘုရားကျောင်းကန်၊ စေတီတော်များတွင် ဘုရားဖူးလာသူ၊ ကုသိုလ်ပြုသူများဖြင့်စည်ကား
Oct 20,2021
မိတ္ထီလာမြို့ရှိ ဘုရားကျောင်းကန်၊စေတီတော်များတွင် ယနေ့အောက်တိုဘာလ ၂ဝ ရက်နေ့ သီတင်းကျွတ် လပြည့်နေ၌ ဘုရားဖူးလာရောက်သူများ၊ ဆီမီပန်းရေချမ်းကပ်လှူသူများနှင့် ဇီဝိတဒါနအဖြစ် မိတ္ထီလာကန်ထဲသို့ ငါးလွှတ်ကုသိုလ်ယူသူများ စည်ကားခဲ့ကြောင်းသိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ဆောင်ရွက်
Oct 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရန်အတွက် သက်ဆိုင်ရာ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကမ်းပြိုဘေးနှင့် လေဘေးသင့် အိမ်ထောင်စုများအတွက်ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Oct 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးကြောင့် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ
Oct 20,2021
မွန်ပြည်နယ် သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်‌၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမဟာမင်္ဂလာ အခမ်း အနားကိုသာသနာတော်နှစ် ၂၅၆၅ ခုမြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့  အောက်တိုဘာ ၂၀ ရက် နံနက် ၅နာရီတွင် စတင်ကျင်းပခဲ့သည်။