ငပုတောမြို့နယ် ဟင်းအိုးချောင်း ကျေးရွာအုပ်စုတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ငပုတော     အောက်တိုဘာ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေး ရွာအုပ်စုတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ငပုတောမြို့ ဟင်းအိုးချောင်း ကျေးရွာအုပ်စု အ-ထ-က ခွဲကျောင်း၌ စနစ်တကျ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၁၂)နှစ်နှင့်အထက်  ကျောင်းသား၊ ကျောင်းသူ (၆၀) ကျော်တို့အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ငပုတောမြို့နယ်မှ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နှင်းယုမော်(ပြန်/ဆက်)