ဆီဆိုင်မြို့နယ်၌ EM ဘိုကာရှီ မြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်
Oct 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာကောင်းများကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ရည်ရွယ်၍ EM ဘိုကာရှီ မြေဩဇာပြုလုပ်နည်း လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်၊ ဒုတိယဦးစီးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၁ နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်သူများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။