သတင်းများ

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့
Oct 01,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ စိုက်ပျိုးခြင်းအား သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်ခဲ့ရာ စက်တင်ဘာလ ၃၀ ရက် နေ့တွင် သတ်မှတ်လျာထားဧကဖြစ်သည့်  ၆၈၇၈၃ ဧက ထက် ၃၁၁ ဧက ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံက သိရသည်။
ခရမ်းမြို့နယ် ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများအား ကျေးရွာများသို့ ကွင်းဆင်းဖွင့်လှစ်
Oct 01,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကြက်ခြေနီ အသင်းမှကြီးမှူး၍ ကျေးလက်နေပြည်သူများအား သဘာဝဘေး အန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများတွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေး အတွက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများကို ခရမ်းမြို့နယ်ရေ ကျော်ကျေးရွာနှင့် ဘုရားပျို ကျေးရွာများတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စက်တင်ဘာ နောက်ဆုံး အပတ်အတွင်း ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ကြက်ခြေနီအသင်းမှ သိရှိ ရသည်။
မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ‌တောင်ပေါ်ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်ပေါ် ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ်များ၌ စက်တင်ဘာ ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး တတိယအသုတ်၊ပထမအကြိမ်အားလူဦးရေ ၉၀၀၀ဦးထိုးနှံပေးပြီးဖြစ်
Oct 01,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ်ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက်နေ့အထိ လူဦးရေ ၉၀၀၀ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ဒေါပုံမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Oct 01,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော အသက်(၁၀) နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဒေါပုံမြို့နယ်မှူး ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်းများက ဇေယျာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မတ္တရာမြို့နယ်၌ ကာရာအိုကေဆိုင်များနှင့် ဗီစီဒီခွေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Oct 01,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကာရာအိုကေဆိုင်များနှင့် ဗီစီဒီခွေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာ သူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-
ဒလမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၄၂၄၆၂ စုအား တစ်အိမ်ထောင်လျှင် ဆန် ၁ အိတ်နှုန်းဖြင့် WFP မှ လှူဒါန်းပေးဝေမည်
Oct 01,2021
အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ(ဆန်)များ ထောက်ပံ့ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်ပါးမှုအမြင့်ဆုံး မြို့နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများသို့ တစ်အိမ်ထောင်လျှင် ၅၀ ကီလိုဂရမ် (၂၄)ပြည်ခွဲခန့် ဆန်တစ်အိတ်စီအား လိုက်လံထောက်ပံ့လှူဒါန်းပေးဝေလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒလမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှုန်းဖြင့် လှူဒါန်းပေးဝေလျက်ရှိကြောင်း သိရသည်။