သတင်းများ

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
Oct 15,2021
ကျောင်းသား/သူတွေ ပညာသင်ယူဖို့အခွင့်အလမ်းတွေရရှိစေဖို့နှင့် ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ မိုင်းယန်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများရှိ အသက်(၁၂) နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တွေ့ဆုံမေးမြန်း ထားမှုအား ဖော်ပြအပ်ပါသည်။
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့်ပိုးကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာ၊ ပိုးကရင် ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ နှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော် ဆောင်ရွက် ခဲ့သည်။
သထုံမြို့နယ်အတွင်း အသက် (၁၂)နှစ် အထက် ကျောင်းသား/သူ ၇၅၀၀ ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Oct 15,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၇၅၀၀) ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅) ကျောင်းတို့၌ ဆေးထိုးစုရပ်များ ပြုလုပ်ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နောင်မွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့် ပွဲအခမ်းအနားကျင်းပ
Oct 15,2021
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ် ဓါတ်ထက်သန်လာစေရန်နှင့်မြို့နယ်အတွင်းမှအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်ညနေ(၃)နာရီတွင် မြို့နယ်အားကစားကွင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီကျင်းပသည်။
ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Oct 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံရန် ကျန်ရှိနေသော အသက် (၁၈) နှစ်အထက် ပုဂ္ဂိုလ်များကို ယနေ့နံနက် ၉ နာရီ က မြို့နယ်ပြည်သူ့ဆေးရုံ (မိခင်နှင့်ကလေးကျန်းမာရေးဌာန) တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုလျောကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကိုစဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်
Oct 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက    မြို့နယ်အတွင်းရှိကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Oct 15,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက်(၁၂) အထက်ရှိသူ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈) နာရီ အချိန်က သဲတော အ.ထ.က တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Oct 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန်အတွက် ပြည်သူများသိရှိနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့လယ်မီးပွိုင့်လမ်းဆုံ နှင့် မြို့မစည်ပင်သာယာဈေး အနီးတို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။