ကျိုက်လတ် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် ၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉ နာရီကကျိုက်လတ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊တောင်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
မိုးစပါးမျိုးစေ့ထုတ် တောင်သူများအားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်းနှင့်မြို့နယ် စိုက် ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်း တို့က မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီးမျိုးစေ့ ထုတ်တောင်သူများကို ဓာတ်မြေ ဩဇာများပေးအပ်ခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်အတွင်းကျေးရွာအုပ်စု(၉)အုပ်စုရှိ တောင်သူ(၁၅)ဦး၏ ဧက(၁၀၆) ဧကအတွက် ဓာတ်မြေဩဇာ အိတ် (၅၃) ကို ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဖြန့်ဝေပေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ဌေးဌေးလှိုင်