သတင်းများ

အင်္ဂပူမြို့နယ်တွင် ၂၀၂၁ ခုနှစ်မိုးစပါး(RS - CS)မျိုးစေ့ ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှပြုလုပ်သော၂၀၂၁ ခုနှစ် မိုးစပါး (RS - CS) မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နံနက်၉ နာရီခွဲကပြုလုပ်ခဲ့သည်။
သတ်မှတ်ဦးတည်အုပ်ဝင် သာသနာ့ဝန်ထမ်းနှင့်လူပုဂ္ဂိုလ်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   လာရောက်ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်
Oct 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသက်(၁၈)နှစ်နှင့်အထက် သာသနာ့ဝန်ထမ်းများနှင့် လူပုဂ္ဂိုလ်များ သတ်မှတ်စုရပ်များတွင် လာရောက်ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းကို၊ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး ဆော်ဩခဲ့ကြသည်။
ထားဝယ်မြို့နယ်တွင် ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိ
Oct 01,2021
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက လမ်းသွား/လမ်းလာ ပြည်သူများနှင့် စျေးသူ/စျေးသား များအား ပန်းခင်းစီမံချက်လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ပေါ်ရှိ အန္တကူရေဆိုးကန်မှ ရေဆိုးထုတ်ပိုက်များ အစားထိုးလဲလှယ်
Oct 01,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာကန်အနောက်ဘက်ရှိ ရပ်ကွက်များမှ ထွက်ရှိသည့် ရေဆိုးများ မိတ္ထီလာကန်အတွင်း ကျရောက်မှုမရှိစေရေး အန္တကူရေဆိုးကန်မှ ရေဆိုးထုတ်ပိုက်များ အစားထိုး လဲလှယ်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၃၀၃ ဦး ဆက်လက်ဝင်ရောက်
Oct 01,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၃၀၃ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့တွင် မိုးစပါး တင်း ၁၀၀ ထွက်ရှိရေး အတွက် တောင်သူများကို ဓာတ်မြေသြဇာ နှင့် ပေါင်းရှင်း မြေဆီကျွေးရန်အတွက် လုပ်အားခများ ထောက်ပံ့ ပေးအပ်
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ဝက်လက်မြို့ ၊ မြို့မ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတွင် ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အတွင်း မိုးစပါး တင်း ၁၀၀ ထွက်ရှိရေးအတွက် တောင်းသူများကို ဓာတ်မြေသြဇာ  နှင့် ပေါင်းရှင်း မြေဆီကျွေးရန် အတွက် လုပ်အားခများ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း မြောက်ဦးခရိုင်၊ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ တက်ရောက်၊ မြောက်ဦးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
Oct 01,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တို့နှင့် အတူ စက်တင်ဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုငွေ နှင့်ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း၊ အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်း၊ မြောက်ဦးခရိုင်အတွင်းရှိ ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲသို့ တက်ရောက်ပြီး မြောက်ဦးမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မင်းလှမြို့နယ်အတွင်း  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Oct 01,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့ နံနက်ပိုင်း အချိန်က မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ မင်းလှမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။