သတင်းများ

ကျုံပျော်မြို့ ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ
Oct 01,2021
ကျုံပျော်တွင် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ပေးလျက်ရှိရာ ယမန်နေ့ကအောင်ဆန်းရပ်ကွက်၊ သုဇနကာရီ သီလရှင်စာသင်တိုက်၊ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများကိုလည်း ကာကွယ်ဆေးများ သွားရောက် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 01,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက်(၈)နာရီက အသိပညာပေးနှိုးဆော် ပေးခဲ့သည်။
မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ သုံးမြွှာပူးကလေးမိခင်အား ငွေကျပ်(၁)သိန်း ထောက်ပံ့ပေး
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ သုံးမြွှာပူးကလေး မိခင်အား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ငွေကျပ်(၁)သိန်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ သုံးမြွှာပူးမွေးဖွားသောမိခင်မှာ ဇရပ်ဆိပ်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင်နေထိုင်ပြီး၊ အသက်(၂၅)နှစ်ရှိ မခင်စန်းမိုးသည် လက်လုပ်လက်စား သာမန်မိသားစုဖြစ်ကြောင်း၊ ယခင်ကလေး(၂)ယောက်မွေးဖွားထားကာ ယခုသုံးမြွှာပူး နှင့် ဆိုလျှင်(၅)ဦးရှိပြီ‌ဖြစ်ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၁ ခုနှစ်မိုးစပါး(RS - CS)မျိုးစေ့ ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှပြုလုပ်သော၂၀၂၁ ခုနှစ် မိုးစပါး (RS - CS) မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နံနက်၉ နာရီခွဲကပြုလုပ်ခဲ့သည်။
သတ်မှတ်ဦးတည်အုပ်ဝင် သာသနာ့ဝန်ထမ်းနှင့်လူပုဂ္ဂိုလ်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   လာရောက်ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်
Oct 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသက်(၁၈)နှစ်နှင့်အထက် သာသနာ့ဝန်ထမ်းများနှင့် လူပုဂ္ဂိုလ်များ သတ်မှတ်စုရပ်များတွင် လာရောက်ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းကို၊ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး ဆော်ဩခဲ့ကြသည်။
ထားဝယ်မြို့နယ်တွင် ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိ
Oct 01,2021
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက လမ်းသွား/လမ်းလာ ပြည်သူများနှင့် စျေးသူ/စျေးသား များအား ပန်းခင်းစီမံချက်လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ပေါ်ရှိ အန္တကူရေဆိုးကန်မှ ရေဆိုးထုတ်ပိုက်များ အစားထိုးလဲလှယ်
Oct 01,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာကန်အနောက်ဘက်ရှိ ရပ်ကွက်များမှ ထွက်ရှိသည့် ရေဆိုးများ မိတ္ထီလာကန်အတွင်း ကျရောက်မှုမရှိစေရေး အန္တကူရေဆိုးကန်မှ ရေဆိုးထုတ်ပိုက်များ အစားထိုး လဲလှယ်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၃၀၃ ဦး ဆက်လက်ဝင်ရောက်
Oct 01,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၃၀၃ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။