လှည်းကူးအဖြူရောင် ကြယ်တစ်ပွင့် ပရဟိတအသင်းက ဖွင့်လှစ်မည့် (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းအတွက် ပလတ်စတစ်ထိုင်ခုံများ လှူဒါန်း

လှည်းကူး အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာ၌ အခြေပြုဖွဲ့စည်းထား သည့် အဖြူရောင် ကြယ်တစ်ပွင့် ပရဟိတအသင်းက ဖွင့်လှစ်မည့် (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းအတွက် ယနေ့ နံနက်ပိုင်းက စေတနာရှင် ပြည်သူများက ပလတ်စတစ်ထိုင်ခုံများ လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ လှူဒါန်းရာတွင် လှည်းကူးမြို့၊ ရုံးဟောင်းလမ်းနေ(ကိုစိုးမင်းသန်း)+မသီတာ (စိုးမင်းသန်း ကွမ်းပစ္စည်းဆိုင်) မိသားစု တို့က ထိုင်ခုံ အလုံး(၂၀)ကို ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးကုသ ရန် လာရောက်ကြသည့် လူနာများ သက်တောင့်သက်သာထိုင်နိုင်ရန်အတွက် ရည်ရွယ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းကို (ကျေးလက်ကြယ်တစ်ပွင့်) ဆရာတော်ဦးဆောင်မှုဖြင့် အသင်းတာဝန်ရှိသူ များက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများအပြင် စေတနာရှင်ပြည်သူများက အသင်းသို့ လာရောက်လှူဒါန်း ပေးအပ်သည့် စားနပ်ရိက္ခာများကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများကို တစ်ဆင့် ပြန်လည်လှူဒါန်းပေးမှုများလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရ သည်။

ကျော်ကျော်(ပြန်/ဆက်)