သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်
Oct 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်/ဆီ/ကြက်ဥများ ဆက်ကပ်လှူဒါန်း
Oct 01,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် တပ်ရင်း/ တပ်ဖွဲ့များက အောင်မြင်သာယာဘုန်းတော်ကြီးကျောင်းရှိ ရဟန်း/သံဃာများ  ဆွမ်းဆန်များ အခက်အခဲ မရှိစေရန်အတွက် ဆွမ်ဆန်/ဆီ/ကြက်ဥများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Oct 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ် အဖြစ် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများအတွက် ဆိုလာပါဝါနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့(ငွေလုံးငွေရင်း)၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် Kyaw Hlwar Hpa-an Co.,Ltd မှ ဆိုလာပါဝါများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Oct 01,2021
သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြူလုပ်ကြောင်း သိရသည်။
ကမမောင်းမြို့အတွင်းရှိရပ်ကွက်များ၌ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စကောကရင်၊မြန်မာဘာသာတို့ဖြင့်အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Oct 01,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာအပြင် စကောကရင်ဘာသာ​ဖြင့်ပါအသိပညာပေးနှိုးဆော်မှုများအား လက်ကိုင်စပီကာအသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်ကမြို့အတွင်းရှိ ရပ်ကွက်များ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပညာပေး နှိုးဆော်
Oct 01,2021
 တနင်္သာရီတိုင်းဒေသကြီး၊၊ မြိတ်ခရိုင်၊ ပ‌လောက်မြို့တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပလောက်မြို့  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ရပ်ကွက်အတွင်းရှိလမ်းဆုံ၊လမ်းခွတို့တွင် Handspeaker ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့သည်။
တံတားဦးမြို့နယ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြေသားရေကန် ပြုပြင်တူးဖော်
Oct 01,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကန်ကြီးကျေးရွာအုပ်စု ကန်ကြီး(အရှေ့)ကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေကြောင်း သိရသည်။