မိုးညှင်း အောက်တိုဘာ ၁
၂၀၂၁ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှိုင်မျိုးဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မိန့်ခွန်းကို ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်ဟန်တို့က ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ် ရေးပစ္စည်းများဖြစ်သည့် ပါးစပ်နှာခေါင်းစည်း(၃၀၀၀)ခု၊ Face Shiled (၁၀၀၀)ခု၊ လက်အိပ် (၁၀၀၀)ခုနှင့် Lux ဆပ်ပြာခဲ (၁၅၀)ခုတို့ကို ခရိုင်ရဲတပ်ဖွဲ့မှူးအား ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့မှ စက်တင်ဘာ(၃၀)ရက်နေ့အထိ လုပ်ငန်း တာဝန်များအား ထူးချွန်စွာတာဝန်ထမ်းဆောင်ရာတွင် ထိရောက်ကြိုတင်ကာကွယ်မှုအများဆုံးဖမ်းဆီးနိုင်မှု၊ တရားစွဲတင်ပို့မှု ရာခိုင်နှုန်းပြည့်မှီအောင် အနီးကပ်ကြပ်မတ်ကွပ်ကဲနိုင်မှုကို မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်မင်းသော်နှင့် မိုးကောင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းမင်းသိဏ်းသို့မှလည်းကောင်း၊ ထိရောက်ကြိုတင်ကာကွယ်မှု အများဆုံးဖမ်းဆီးနိုင်မှု၊ မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိနိုင်မှုကို မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ညွှန့်စိုးမှလည်းကောင်း၊ မူးယစ်ဆေးဝါး အလေးချိန်နှင့်အရေအတွက် အများဆုံးဖမ်းဆီးနိုင်မှုကို မိုးညှင်းမြို့မရဲစခန်း ဒုရဲအုပ်ဝေဖြိုးအောင်မှလည်းကောင်း ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး စားရေးဝန်ထမ်းများအတွက် ဝတ်စုံစရိတ်များကိုလည်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှိုင်မျိုးဦးက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇွဲသူရအောင်(ခရိုင်ပြန်/ဆက်)