ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ သတ်မှတ်ချက်အတိုင်းထိုးပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှာကြား
Oct 14,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်များသည် ယမန်နေ့ညနေ့(၃)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလွေအုပ်စုတွင် တောင်သူ ဦးအိုက်ယန်း စိုက်ပျိုးထားသည့်လယ်ကွင်း၌ သဘာဝမြေသြဇာ (အီးအမ်ဘိုကာရှီ) မြေဆွေးပုံပြုလုပ်ခြင်း ကွင်းလက်တွေ့သရုပ်ပြနေမှုအား ကြည့်ရှု့အားပေး ခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများသည် မိုင်းခတ်မြို့နယ်ရှိ မိုင်နှုန်းနှီးဘုရားအားသွားရောက် ဖူးမျှော်ကြပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ အလှူငွေနှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူပေးကြပြီး မိုင်းခတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာခန်းမ၌ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ မြိူ့မိ၊ မြို့ဖ များနှင့် တွေ့ဆုံကြောင်း သိရသည်။