သတင်းများ

ဆွမ်ပရာဘွမ်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့
Oct 01,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ အသက် ၈၅နှစ်အထက် သက်ကြီးရွယ်အိုများအား လူမူရေးပင်စင် ထောက်ပံ့ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီ အချိန် ခန့်က မြို့ပေါ်၃ ရပ်ကွက်များအတွင်းလိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူသည့် (MNPO-50) အမျိုးအစား အောက်ဆီဂျင်ထုတ် စက်ပစ္စည်းများ ထန်းတပင်မြို့သို့ စတင်ရောက်ရှိ
Oct 01,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့ဆေးရုံဝန်အတွင်း ဆောက်လုပ်ထားရှိသည့် အောက်ဆီဂျင်ထုတ်စက်ရုံသို့ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဝယ်ယူထားရှိသည့် (MNPO-50) အမျိုးအစား အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများ စတင်ရောက်ရှိကာ တပ်ဆင်ထားရှိမှုများ ပြုလုပ်ကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်
Oct 01,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှော်ဘီမြို့နယ်က ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက် သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မှော်ဘီမြို့နယ် စိုက်ပျိုးရေးသုတေသနဌာနခန်းမ၌ ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေး
Oct 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန် နေ့က ရပ်ကွက်ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်တွင် ကျေးလက်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့နယ်၌ EM ဘိုကာရှီ မြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်
Oct 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာကောင်းများကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ရည်ရွယ်၍ EM ဘိုကာရှီ မြေဩဇာပြုလုပ်နည်း လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်၊ ဒုတိယဦးစီးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၁ နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်သူများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
လှည်းကူးအဖြူရောင် ကြယ်တစ်ပွင့် ပရဟိတအသင်းက ဖွင့်လှစ်မည့် (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းအတွက် ပလတ်စတစ်ထိုင်ခုံများ လှူဒါန်း
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာ၌ အခြေပြုဖွဲ့စည်းထား သည့် အဖြူရောင် ကြယ်တစ်ပွင့် ပရဟိတ အသင်းက ဖွင့်လှစ်မည့် (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းအတွက် ယနေ့ နံနက်ပိုင်းက စေတနာရှင် ပြည်သူများက ပလတ်စတစ်ထိုင်ခုံများ လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့ နမ့်ဟူးခွန်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Oct 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာအုပ်စု၌ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ၎င်းကျေးရွာအုပ်စုတွင်ဆောင်ရွက်ခဲ့သည်။