ဒေးဒရဲမြို့နယ်တွင် ကျေးလက်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ  အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှုး ဦးနေထက်ရှိန်၊ ဖျာပုံခရိုင် ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ(၇၇၁.၀၂၉)သန်းဖြင့် ဆောင်ရွက်နေ သော ကျုံဒါတ်ကျေးရွာအုပ် စု၊ရေတွင်းကုန်းကျေးရွာနှင့် သံဒိတ်ကျေးရွာတို့ရှိ အသေးစားလျှပ်စစ်ဓါတ် အား ရရှိရေး စီမံကိန်း(MiniGrid)လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျေးလက်မီးလင်းရေး ကော်မတီ (VEC)အဖွဲ့မှတင်ပြချက်များကို ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းမှာ (၇၂) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ၎င်းကျေးရွာ(၂)ရွာရှိ အိမ်ခြေ(၃၁၀)ရှိကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က သိရသည်။

အေဇာလင်း