ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးရေးလုပ်ငန်းများညှိနှိုင်းဆွေးနွေး

ဒေးဒရဲ အောက်တိုဘာ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လပတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးတို့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများ၊ မြို့နယ်တွင်းလုံခြုံရေးကိစ္စရပ်များ အချိန်နှင့်တပြေးညီ သတင်းပေးပို့နိုင်ရေး ဆောင်ရွက်သွားကြ ရန်ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာသူများက ကျေးရွာအုပ်စုအလိုက် လိုအပ်သည်များ  ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အေဇာလင်း/ပြန်ဆက်