ဆွမ်ပရာဘွမ် အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ အသက် ၈၅နှစ်အထက် သက်ကြီးရွယ်အိုများအား လူမူရေးပင်စင် ထောက်ပံ့ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီ အချိန် ခန့်က မြို့ပေါ်၃ ရပ်ကွက်များအတွင်းလိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမူရေးပင်စင်ထောက်ပံ့ခြင်းလုပ်ငန်းကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့ မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ Mask များစနစ်တကျတပ်ဆင်လျက် ဆောင်ရွက်ခဲ့ရာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ သက်ကြီး ရွယ်အိုများနှင့် ရပ်နီးရပ်ဝေးမှ အသက်၈၅နှစ်အထက်ကျား၊ မစုစုပေါင်း၁၈ ဦးအားတစ်လလျှင် ၁၀၀၀၀ကျပ် ဖြင့်၃လတစ်ကြိမ် တစ်ဦးလျှင် ငွေကျပ်၃ဝဝဝဝနှုန်းဖြင့် အိမ်တိုင်ရာရောက် လူမူရေးအသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ ပါဝင်လိုက်ပါလျက်ထောက်ပံ့မှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Henry Miko sa(ဆွမ်ပရာဘွမ်)