မှော်ဘီ အောက်တိုဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှော်ဘီမြို့နယ်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မှော်ဘီမြို့နယ် စိုက်ပျိုးရေးသုတေသနဌာနခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော်ထူးမှ အဖွင့်မှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ဝင်းသိန်းက မှော်ဘီမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူအားလုံးကို ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စု လူဦးရေစာရင်းတို့ကို ရရှိကိုင်ထားစေလို ကြောင်း၊ နိုင်ငံအတွင်း နေထိုင်သူပြည်သူအားလုံး၏ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရန်နှင့် နေ့စဉ် တိုင်းရင်းသားပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပိုင်ဆိုင်မှု ရေးရာများ အသုံးပြုနိုင်ရန် နိုင်ငံသားကတ်သည် အရေးကြီးကြောင်း နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း မရှိသူများ “လူမှုဘဝပြည်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်တွင် သွားရောက်လျှောက်ထားကြရန် ပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော်ထူး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ဝင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်သူ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဝင်များက ၁၈ နှစ်အောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃(က) ၃၇၄ခု နှင့် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၆(က)၈၀၉ ခု စုစုပေါင်း ၁၁၆၀ ခုတို့ကို ပြည်သူများအား ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)