ထန်းတပင် (ပဲခူး) အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့ဆေးရုံဝန်အတွင်း ဆောက်လုပ်ထားရှိသည့် အောက်ဆီဂျင်ထုတ်စက်ရုံသို့ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဝယ်ယူထားရှိသည့် (MNPO-50) အမျိုးအစား အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများ စတင်ရောက်ရှိကာ တပ်ဆင်ထားရှိမှုများ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ပစ္စည်းများ ထားရှိတပ်ဆင်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်များက ကြီးကြပ်ဆောင်ရွက်သည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါဝေဒနာရှင်များနှင့် အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင်ထုတ်စက်ရုံ အဆောက်အဦ တည်ဆောက်ပြီးစီပြီးဖြစ်၍ အောက်ဆီဂျင် ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများအားလုံး တပ်ဆင်ပြီးပါက တစ်နေ့လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး ၁၅၀ ဖြည့်တင်းထုတ်လုပ်ကာ နေ့စဉ် အောက်ဆီဂျင်လိုအပ်သည့် ဝေဒနာရှင်လူနာများအတွက် အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။
မြို့နယ် (ပြန်/ဆက်)