သတင်းများ

စက်သုံးဆီ သုံးမျိုးအား အထူးစျေးဖြင့် ရောင်းချပေးလျက်ရှိ
Oct 01,2021
 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော BOC စက်သုံးဆီအရောင်းဆိုင်နှင့် DENKO စက်သုံးဆီအရောင်းဆိုင်များက စက်တင်ဘာလ ၂၉ ရကက်နေ့ကစတင်ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် စက်သုံးဆီ ၃ မျိုး ( 92 Ron”pre.Diesel”Diesel)ကိုအထူးစျေး နှူန်းဖြင့်သတ်မှတ် ထားသည့် ခွဲတမ်း အတိုင်းရောင်းချပေးခဲ့ရာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ (၈၄၆၅) ဦး ပထမအကြိမ် ဆေးထိုးနှံပြီးစီး
Oct 01,2021
မကွေးတိုင်းဒေသကြီး သရက်မြို့သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ (၈၄၆၅) ဦးအား ပထမအကြိမ် ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ရွှေသက်လွတ် ဘုရားဝန်း အတွင်းရှိသာသနာ့ဗိမာန်တော်၊ ကျေးရွာအုပ်စုများတွင် ယနေ့နံနက် ၉ နာရီက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်း၊ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။     
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား  လိုက်လံအသိပေးနှိုးဆော်
Oct 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက်(၈)နာရီတွင် နောင်ခလုံးကျေးရွာသို့ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်
Oct 01,2021
မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊    မင်းလှမြို့နယ်၌ အသက်( ၈၅ )နှစ်အထက်   သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့်တာဝန်ရှိသူများ၊လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများကအိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သီပေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ
Oct 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြလိုက်ရပါသည်-
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မင်းလှမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပေးနေမှုအား ကြည့်ရှုစစ်ဆေး
Oct 01,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် သည် မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ရွာတော်ကျေးရွာ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး နေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့‌ကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ (၀.၉)ပေ ရေကျော်ကျလျက်ရှိ
Oct 01,2021
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့နံနက် (၆)နာရီ တိုင်းထွာချက်အရ ရေပိုလွဲမှ (၀.၉) ပေ ရေကျော်လျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံမှသိရသည်။
ရေဦးမြို့တွင် အောက်ဆီဂျင်ထုတ်စက်ရုံတည် ဆောက်မှုရာနှုန်းပြည့်နီးပါးပြီးစီး
Oct 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စက်မှု လယ်ယာဦးစီးဌာန ရုံး၀င်းအတွင်းတွင် အောက်ဆီဂျင် ထုတ်လုပ်နိုင်ရေး ယာယီ အဆောက်အုံ တည်ဆောက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါးပြီးစီး‌နေ ပြီဖြစ်ကြောင်း သိရသည်။