သတင်းများ

သရက်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး
Jun 03,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်တော်အေးရပ်ကွက်ရုံးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများမှ ယနေ့နံနက်(၈)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏ မိသားစုအား ထောက်ပံ့ငွေပေးအပ်
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျွဲရိုင်းပြင် ကျေးရွာအုပ်စု ရေလွှဲကျေးရွာတွင် ဇွန်လ ၁ ရက်နေ့က မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏ မိသားစုအား ယမန်နေ့ ညနေ ၄ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်
Jun 03,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇွန် ၁ ရက်နေ့မှ စတင်ကာ ရပ်ကွက် ၊ ကျေးရွာ အုပ်စုရှိ စုရပ် အသီးသီး၌ ကွင်း ဆင်းကာ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီတွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရေးမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jun 03,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးဆေးခန်း ၌ပြုလုပ်သည်။
မိတ္ထီလာမြို့တွင် ၂ဝ၂၁-၂ဝ၂၁ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
Jun 03,2021
မိတ္ထီလာမြို့တွင် ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ကျင်းပကြောင်းသိရသည်။
ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၂၉၅၀၀) အခမဲ့ဖြန့်ဝေ
Jun 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာန၏ မိုးရာသီစိုက်ပျိုးရန်အတွက် မြို့မသစ်တော ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော ပျိုးပင်ပေါင်း(၂၉၅၀၀) ကို ပြည်သူများထံသို့ ယမန်နေ့ နံနက်၉နာရီမှ စတင်၍ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များမှ သွားရောက်ကြည့်ရှုအားပေး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား ယမန်နေ့က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။