လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ  အောက်တိုဘာလ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ် အဖြစ် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်စန်းမြင့်နှင့် ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့ ကြေးမုံသတင်းစာတွင် မေယု-မျိုးအောင်(MANA) အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးများ အထီးကျန်အိုပယ်မဖြစ်စေဖို့ နိုင်ငံသားတိုင်း စောင့်ရှောက်စို့ခေါင်းစဉ်နှင့်အညီ သက်ကြီးရွယ်အိုများအား လူမှုအကာအကွယ်စောင့်ရှောက်မှုစနစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ၏ သက်ကြီးရွယ်အိုများ ကာကွယ်စောင့်ရှောက်မှု၊ မြန်မာနိုင်ငံသည် ပေးကမ်းစွန့်ကြဲလှူဒါန်းမှုနှင့် သဒ္ဓါတရားထက်သန်မှုစာရင်းတွင် ကမ္ဘာ့ထိပ်တန်း အမေရိကန်နိုင်ငံနှင့်တန်းတူ ကမ္ဘာ့အဆင့်()တွင် ရပ်တည် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုဆိုင်ရာ ပဒေတွင် အသက်(၆၀)နှစ်အထက်ကို သက်ကြီးရွယ်အို အဖြစ် သတ်မှတ်ထားကြောင်း၊ နိုင်ငံတော် အခမ်းအနားတစ်ခုအဖြစ် နှစ်စဉ်ကျင်းပကြောင်း၊ သက်ကြီးရွယ်အို များအား ငွေကြေးစောင့်ရှောက်မှုများသာမက ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာများ ဝိုင်းဝန်း ဖြည့်ဆည်းရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)