တံတားဦးမြို့နယ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြေသားရေကန် ပြုပြင်တူးဖော်

တံတားဦး  အောက်တိုဘာ  ၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကန်ကြီးကျေးရွာအုပ်စု ကန်ကြီး(အရှေ့)ကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောယဉ်စုနှင့် တာဝန်ရှိများက ယနေ့နံနက်(၁၀)နာရီခန့်တွင် ကွင်းဆင်းစစ်ဆေးကြသည်။ ကန်ကြီးကျေးရွာအုပ်စု ကန်ကြီး (အရှေ့)ကျေးရွာ မြေသားရေကန်၏ အကျယ်မှာအလျား ၂၅၀ ပေ ၊ အနံ ၁၀၀ ပေ ၊ အမြင့် ၃ ပေဖြစ်ကြောင်း၊ လုပ်ငန်းအားလုံးအတွက် Mega Glory ကုမ္ပဏီမှ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်( ၁၁.၀၆)သန်းဖြင့် တာဝန်ယူဆောင်ရွက်နေကြောင်းလည်း သိရသည်။

မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာသူ၊ ကျေးရွာသားများအသောက်သုံးရေ ဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း  ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်အားခများကို ‌ကျေးရွာသူ ၊ ကျေးရွာသားများအား ထောက်ပံ့ပေးခြင်းဖြစ် ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရဲတင့်(တံတားဦး)