လှိုင်းဘွဲမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်/ဆီ/ကြက်ဥများ ဆက်ကပ်လှူဒါန်း

လှိုင်းဘွဲ     အောက်တိုဘာလ  ၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် တပ်ရင်း/ တပ်ဖွဲ့များက အောင်မြင်သာယာဘုန်းတော်ကြီးကျောင်းရှိ ရဟန်း/သံဃာများ  ဆွမ်းဆန်များ အခက်အခဲ မရှိစေရန်အတွက် ဆွမ်ဆန်/ဆီ/ကြက်ဥများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက အောင်မြင်သာယာ ဘုန်းတော် ကြီးကျောင်းရှိ ရဟန်း/သံဃာများ အတွက်  ကိုဗစ်-၁၉ရောဂါကာလအတွင်း ဆွမ်းဆန်များ အခက်အခဲမရှိစေရန် ဆွမ်းဆန်/ ဆီ/ ကြက်ဥ/ နို့ဆီ/ ရွှေဖီဦး/ ခြံထွက်ဟင်းသီးဟင်းရွက်များနှင့် ဂက်မီးဖိုလ်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)