လှိုင်းဘွဲမြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများအတွက် ဆိုလာပါဝါနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

လှိုင်းဘွဲ     အောက်တိုဘာလ   ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့(ငွေလုံးငွေရင်း)၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် Kyaw Hlwar Hpa-an Co.,Ltd မှ ဆိုလာပါဝါများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်မှ ဆိုလာပါဝါများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဆန်းဦးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်တို့က လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာ(၂၃)ရွာမှ လျှပ်စစ်မီး မရရှိသေးသည့် ဘုန်းတောင်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများအတွက် စုစုပေါင်း ဆိုလာပါဝါနှင့်ဆက်စပ်ပစ္စည်း(၇၂)စုံကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်များထံ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)