သရက်ချောင်း အောက်တိုဘာ ၁
သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြူလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ ဦးစီးမှူးဒေါ်လှလှထွန်းက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင်ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်မှုတွင် လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပြီး သရက်ချောင်း မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၉၁၀)ဦး ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေး နှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားလျက်ရှိသည့် ဘိုးဘွား တစ်ဦးလျှင် (၃၀၀၀၀ိ/-) နှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရရှိသည်။
သရက်ချောင်း(ပြန်/ဆက်)