သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မင်းလှမြို့နယ်အတွင်း  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Oct 01,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့ နံနက်ပိုင်း အချိန်က မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ မင်းလှမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ မိုးစပါးစိုက်ဧက(၈၆၄)ဧက ကျော်လွန်စိုက်ပျိုးပြီးစီး
Oct 01,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ၌ ၂၀၂၁ ခုနှစ်၊မိုးစပါးစိုက်ဧက(၈၃၁၁)ဧက စိုက်ပျိုး ပြီးစီးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ(၂၆၉၃)ဧက၊ဆင်းသုခ (၁၉၅၂)ဧက၊ ရတနာတိုး (၁၃၁၇)ဧက၊ ဧရာမင်း (၁၇၀၉)ဧက၊ ကောက်ညှင်း (၃၃)ဧက နှင့် တောင်ယာစပါး(၆၀၇)ဧက စုစုပေါင်း (၈၃၁၁) ဧက စိုက်ပျိုးပြီးစီးပြီး ယခင်နှစ်ကထက် (၈၆၄)ဧကကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရှိရသည်။ ငဖဲမြိုနယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးဧက (၉၆၅၄) ကျော်စိုက်ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၇၆၂၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက (၇၆၂၇) ဧကတွင် တစ်ဧကအထွက်နှုန်း (၇၆.၁၀) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၁၄၂) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်
Oct 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာကြသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၁၄၂) ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် သက်ဆိုင်ရာ ​နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေး အတွက် တာဝန်ရှိသူများမှ မော်တော်ယာဉ်များဖြင့်  ယမန်နေ့က ​ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒုတိယအသုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် လာရောက်ထိုးနှံသူ  ယနေ့အထိ ၉၁၈၅ ဦး ရှိပြီဖြစ်
Oct 01,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက် ၊ ယနေ့အထိ ကာကွယ်ဆေးလာရောက် ထိုးနှံသူဦးရေ ၉၁၈၅ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးစီးသူ ၁၀၆၃၅ ဦးရှိ
Oct 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား ကာကွယ်ဆေးထိုး အုပ်စုများအလိုက် ထိုးနှံပေးနေရာတွင် စက်တင်ဘာ ၃၀ ရက်နေ့ထိ ပထမအကြိမ်အဖြစ် ထိုးနှံထားပြီးစီးသူ (၁၀၆၃၅)ဦးထိရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းထဲသို့ ဝင်ရောက်လာသည့် ကုန်တင်ကားကြီးမောင်းနှင်းသူများ နှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေးဆောင်ရွက်
Oct 01,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့အဝင်/အထွက် ဂိတ် အနီး၌ စက်တင်ဘာ ၃၀  ရက်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့တွင်းထဲသို့ ဝင်ရောက်လာသည့် ကုန်တင်ကားကြီး မောင်း နှင်းသူများ နှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် အခမဲ့ စစ် ဆေး ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ရပ်ကွက်/ ကျေးရွာ ဦးစားပေးအုပ်စုများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်း ကြည့်ရှုအားပေး
Oct 01,2021
စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စွာမောင်စိုးနှင့်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ(၃၀)ရက်၊ နံနက်ပိုင်းက ရွာသစ်ကြီး တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ရှိ ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စု ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကြည့်ရှူ့အားပေးခဲ့ကြကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်တွင်  ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းလျော့နည်းကျဆင်းလာ
Oct 01,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာပြီး တမံရေပိုလွှဲမှ (၈)ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ  စက်တင်ဘာ ၃၀ ရက် ၊ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၆ ဒသမ ၄)ပေခန့်သာ  ရေကျော်ကျမှုရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီဖြစ်ကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။