မိုင်းယန်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်ပေါ် ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ်များ၌ စက်တင်ဘာ ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက သွားလာရန်ခက်ခဲသော ယန်းကောင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ အသက် ၁၈ နှစ် ပြည့်ပြီးသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၁၆၆)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် ပြန်/ဆက်