မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး တတိယအသုတ်၊ပထမအကြိမ်အားလူဦးရေ ၉၀၀၀ဦးထိုးနှံပေးပြီးဖြစ်

 

အထက်မင်းလှ အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ်ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက်နေ့အထိ လူဦးရေ ၉၀၀၀ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

မင်းလှမြို့နယ်အတွင်း၌  ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်ထားသည့်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးခဲ့ ရာ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း ၂၀၄ဦး၊ Volunteer/ပရဟိတ ၃၅၃ ဦး သံဃာ/သီလရှင် ၅၁ ပါး၊နိုင်ငံ့ဝန်ထမ်း ၁၉၅ဦး၊ပုဂ္ဂလိကနှင့်ပို့‌ဆောင်ရေးလုပ်ငန်း၁၃၂ ဦး ဟိုတယ်၊မိုတယ်၊တည်းခိုခန်းနှင့်အစား အသောက်ဝန်ဆောင် မှုလုပ်ငန်း၆ဦး၊ ပုဂ္ဂလိကနှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကုန်၊ ပစ္စည်းသိုလှောင်ရေး လုပ်ငန်း၃၀ ဦး၊ပို့ကုန်/ သွင်းကုန် လုပ်ငန်းများ၊ကုန်ပစ္စည်းသို‌ လှောင်ရေးလုပ်ငန်း ၅၇၅ ဦး၊အခြားဝင်‌‌ ငွေရှိသောလုပ်ငန်း လုပ်ကိုင်သူ၅၄၄၆ဦး ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူများ ၊လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်မှ ဝန်ထမ်း၁၀၃၀ ဦး၊မှီခို၉၆၄ဦး‌၊‌ ရွှေ့ပြောင်းအုပ်စုများနှင့်ယာယီစခန်းများ၈ ဦး၊မသန်စွမ်းသူ ၆ဦးစုစုပေါင်း    ၉၀၀၀ ဦးအားကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် မင်းလှမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ်ဆေးအလုံးရေ ၁၈၀၀လုံးရရှိသဖြင့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်ပြီး လူဦးရေ ၉၀၀၀ ဦးအားထိုးနှံပေးခဲ့ပြီးဖြစ်ရာ ပထမအကြိမ်ထိုးနှံပြီးသူများအား ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။

                                                                                                                                              ဇာဇာ(အထက်မင်းလှ)