ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ

မြောက်ဥက္ကလာပ အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-

ဒေါ်မီမီခင်

အမကတော့ မြောက်ဥက္ကလာပမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အမတို့ အနေ နဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမှာ မိသားစုတွေအားလုံး အနံ့ပျောက်ပြီး ဖျားကြပါတယ်။ ဒီလိုမျိုး လက္ခဏာတွေရှိတာနဲ့ အမတို့ မိသားစု ကုသရေးစင်တာသို့ သွားရောက်မကုသပဲ နေအိမ်မှာ Home Quarantine ‌နေထိုင်ပါတယ်။ အမတို့အိမ်မှာ အသက်ကြီးပိုင်းတွေရှိတဲ့အတွက် အောက်ဆီဂျင်အိုးကို ဆောင်ထားရပါတယ်။ ပြီးတော့ ဆရာဝန်ညွှန်ကြားချက်အရ Vitamin C နှင့် အားဆေးများကို အချိန်မှန်သောက်ဖြစ်ပါတယ်။ နွားနို့၊ ကြက်ဥတွေကို နေ့စဉ်စားပါတယ်။  အမတို့ မိသားစုအားလုံး စနစ်တကျနေထိုင် စားသောက်တဲ့အတွက် (၁၀)ရက်အကြာမှာ အနံ့ပြန်ရလာခဲ့ပါတယ်။ အနံ့ပြန်ရ တဲ့အခါမှာလည်း ကိုယ်နေကောင်းသွားပြီဆိုပြီး ဖြစ်သလို မနေခဲ့ပါဘူး။ မဖြစ်မနေ အပြင်ထွက်ရ မယ်ဆို ခေါင်းစွတ်၊ လက်အိတ်၊ နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပြီးမှ အိမ်ပြင်ထွက် ပါတယ်။  အပြင်ထွက်ပြီး အိမ်ပြန်ရောက် ရင်လည်း စနစ်တကျ စွန့်ပစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ မဖြစ်သေးသူများအနေနဲ့ ပေါ့ဆစွာ မနေထိုင်သင့်ပါဘူး။ ရောဂါက ကိုယ်ခံအား ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ရောဂါအခံရှိသည်​ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကူးစက် တတ်တဲ့ ရောဂါဖြစ်တဲ့အတွက် ဂရုစိုက်ပြီး နေကြပါလို့ ပြောချင်ပါတယ်။ ပြီတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေပြီ ဆိုရင်လည်း စိတ်ဓာတ်ကျဖို့မလိုပါဘူး၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ လိုက်နာရန်အချက်များကို ဆရာဝန်နှင့် ပြသ၍ သော်လည်းကောင်း၊ အင်တာနက်မှ တစ်ဆင့် ရှာဖွေ၍ သော်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ပတ်သက်၍ အားလုံးပဲ သိရှိနိုင်ပါတယ်။ အမက အခုလက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းတွေမှာ မြို့နယ်အတွင်း ပြည်သူများ ဆေးထိုးနှံနိုင်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူ များနဲ့ ပူးပေါင်းဆောင်ရွက်​နေပါတယ်။ အမတို့ မိသားစုတွေ အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးကို မတ်လမှာ ထိုးထားတဲ့ အတွက် အခု ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အခါ ကြီးမားစွာ ခံစားခဲ့ရတာမရှိပါဘူး။ ဒါကြောင့် အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်း ထိုးနှံပေးကြပါရန်နှင့် ရောဂါမဖြစ်ပွားအောင် ဂရုပြုနေထိုင်ကြပါလို့ အကြံပြုတိုက်တွန်းလိုက်ပါ တယ်ရှင်။

မြမြဝင်း