ကျိုက်လတ်မြို့၌ ၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်
Oct 01,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် ၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉ နာရီကကျိုက်လတ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊တောင်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။