မတ္တရာမြို့နယ်၌ ကာရာအိုကေဆိုင်များနှင့် ဗီစီဒီခွေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မတ္တရာ    အောက်တိုဘာ   ၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကာရာအိုကေဆိုင်များနှင့် ဗီစီဒီခွေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်း စစ်ဆေးရာတွင် ပြန်ကြာရေးဝန်ကြီးဌာန၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ (၈/၉၆)ပါ ပြဌာန်းချက်များနှင့်အညီဖြစ်စေရေး၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် တည်ဆဲဥပဒေများအား ဖောက်ဖျက်မှုများကို အရေးယူဆောင်ရွက် နိုင်ရေးအတွက်  ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်များ အတိုင်းလိုက်နာဆောင်ရွက်စေရန် မတ္တရာမြို့နယ်အတွင်းရှိ ကာရာအိုကေဆိုင်များနှင့် ဗီစီဒီခွေအရောင်းဆိုင်များအား မတ္တရာမြို့နယ် ဗီဒီယိုလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာသို့ မတ္တရာမြို့နယ် ဗီဒီယိုလုပ်ငန်းကြီးကြပ်ရေး ကော်မတီဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)