သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 05,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိရာ ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိ ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိရပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာ(၁၄၇၇ )ဦးအထိရှိလာ
Oct 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အောက်တိုဘာလ ၄ ရက်နေ့က ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၂၇)ဦးထပ်မံတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အိမ်မဲမြို့နယ်အိမ်မဲချောင်းအတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် လုံခြုံရေးများလိုက်လံစစ်ဆေး
Oct 05,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများအေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးစသည့် ရည်ရွယ်ချက်များဖြင့် အိမ်မဲချောင်း တစ်လျှောက် လုံခြုံရေးများ လိုက်လံစစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သီပေါမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသဆောင်ရွက်
Oct 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ် စာစောင်များ ပြသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို အဆိုပါရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးခရိုင်၊ ပဲခူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အရှိန်အဟုန်မပြတ် အသိပညာပေး နှိုးဆော်ခြင်းနှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်
Oct 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ပေါ်ရှိ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး အောက်တိုဘာလ (၄)ရက်နေ့က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်တွင် ချောင်းရေလျှံ၍ ကျေးရွာအတွင်းနှင့် စပါးစိုက်ခင်းများသို့ ရေများ ဝင်ရောက်နစ်မြုပ်
Oct 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကောက်စားချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ ယမန်နေ့ နေ့လယ် ၂နာရီအချိန်ခန့်က ပင်သာကျေးရွာတွင်းနှင့် ရွာအနီး လယ်ကွင်းများ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မိုးညှင်းသိင်္ဂီကျောင်းတိုက်ရှိ သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး
Oct 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆) ရပ်ကွက်ရှိ မိုးညှင်းသိင်္ဂီကျောင်းတိုက်တွင် ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာလေး များအား ကိုဗစ်ရောဂါပိုး ရှိ/မရှိကို ယနေ့ နံနက် ၉နာရီက အဆိုပါကျောင်းတိုက်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။