သီပေါ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ် စာစောင်များ ပြသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို အဆိုပါရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၎င်းနံရံကပ်စာစောင်တွင် မီးဘေး၊ ရေဘေး ၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မုန်တိုင်းဘေး၊ လျှပ်စီး လက်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ အန္တရာယ်ကျရောက်ပါက ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အန္တရာယ်ကျရောက်ပြီးပါက ဆောင်ရွက်ရမည့်နည်းလမ်းများပါဝင်ပြီး လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်များ၊ ပါးစပ်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်နည်းများ၊ လက်ဆေးနည်းများ၊ ရောဂါ ဖြစ်ပွားမှုလက္ခဏာများ၊ အချင်းချင်း အသိပေး သတိပေး ပြောကြားရမည့်အချက်များ စသည့်အကြောင်းအရာများ ပါဝင်သည်။
သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး နံရံကပ်စာစောင်များကိုလည်း အပတ်စဉ်လဲလှယ် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)